၁၃၈၃ ခုနှစ်၊ ကျိုင်းတုံမြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော် ဖွင့်ပွဲ ကျင်းပ

ကျိုင်းတုံ  ဧပြီ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌  ၁၃၈၃ ခုနှစ်  မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ဖွင့်ပွဲကို ယနေ့ညနေ ၄ နာရီက မြို့လယ်နာရီစင်ရှေ့ ၊ ဗဟိုမဏ္ဍပ်တွင် ကျင်းပသည်။

ဖွင့်ပွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်က နှစ်သစ်ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားပြီး ၁၃၈၃ ခုနှစ်၊ ကျိုင်းတုံမြို့  မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်ပြီး ယိမ်းအကအဖွဲ့များက မန်းတောင်ရိပ်ခို သီချင်းဖြင့် ကပြ သီဆို ဖျော်ဖြေပြီး တက်ရောက် လာကြသူများက နံ့သာရေဖြင့် ရေပက်ဖျန်း၍ ရေကစားကြကြောင်းသိရသည်။

ကျိုင်းတုံမြို့၌ မဟာသင်္ကြန်ပွဲတော်ကျင်းပနေစဉ်ကာလအတွင်း ယိမ်းအကများ၊ တေးသီးချင်းများဖြင့် နေ့စဉ် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)