ဒဂုံအရှေ့ ဧပြီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေကစားမဏ္ဍပ် ဖွင့်ပွဲကို ယနေ့ညနေပိုင်း ၄ နာရီတွင်ဒဂုံလမ်းရှိ မြို့နယ် စည်ပင် သာယာရေး ရုံးဝန်းရှေ့ရှိ ရေကစားမဏ္ဍပ်၌ ကျင်းပသည်။
အဆိုပါဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေကစားမဏ္ဍပ်ဖွင့်ပွဲတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ဇော်နှင့် ရပ်မိရပ်ဖဦးတင်ဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ဧည့်သည်တော်များအား မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီအတာ ရေပက်ဖျန်းပေးခြင်း၊ မန်းတောင်ရိပ်ခို သီချင်းတို့ဖြင့် ဒဂုံသူဇာမေယိမ်းအဖွဲ့မှ ကပြ၍ ရေကစားမဏ္ဍပ်အား ဖွင့်လှစ်ပေးသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၏ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ပျော်ရွှင်စွာရေကစားခြင်း၊ စတုဒိသာ ကျွေးမွေးခြင်းများဖြင့် စည်ကားစွာ ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဝင်းအိမွန်