နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် Power light ရေကစားမဏ္ဍပ်ဖွင့်ပွဲကျင်းပ

ပုဗ္ဗသီရိ   ဧပြီ  ၁၃

ပြည်ထောင်စုနယ်မြေ၊  နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကိုးရွာသပြေကုန်းကျေးရွာအုပ်စု၊ ရာဇသင်္ဂဟလမ်းရှိ Power light ရေကစားမဏ္ဍပ်ဖွင့်ပွဲပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဌာနကြီးမှူး ဦးစိုးဟန်၊ ဥတ္တရခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သန်းလင်း၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူး၊  ဥတ္တရခရိုင် ရဲတပ်ဖွဲ့မှူး ယာယီ ဒုတိယရဲမှူးကြီးစံသူ၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ကြည်၊ အဖွဲ့ဝင် ဗိုလ်မှူးသန်းနိုင်ကျော်နှင့်  ဖိတ်ကြားထားသူများ (၂၀)ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားအား ဦးစိုးဟန်၊  ဦးကျော်သန်းလင်း၊ ဒုတိယဗိုလ်မှူးကြီး  သန်းဇော်ထူး နှင့် ယာယီဒု တိယရဲမှူးကြီး စံသူတို့မှ  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်သူများက ပျော်ရွှင်စွာ ရေကစားခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများတွင်လည်း နှစ်ဦးဆွမ်း ကပ်လှူခြင်း၊ သက်ကြီး ဘိုးဘွားများအား ကန်တော့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)