ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း ဘုရားဖူးလာရောက် သူ တစ်ရက်လျှင် လူဦးရေ သုံးသောင်းကျော်ခန့် လာရောက်ဖူးမြော်

ညောင်ဦး  ဧပြီ  ၁၃

ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ မြန်မာပြည်ရပ်ရပ်မှ ဘုရားဖူးလာရောက်ကြရာ ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ သမိုင်းအထင်ကရဘုရားများတွင် သင်္ကြန်တွင်း ရုံးပိတ်ရက် ကာလအတွင်း ဘုရားဖူးလာရောက်သူ သုံးသောင်းကျာ်ခန့် လာရောက်ဖူးမြော်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)ထံက သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူး လာရောက်သည့် ဘုရားဖူးဧည့်သည်များ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရန် ဂေါပကအဖွဲ့ ထားရှိသည့် ဘုရား ၁၉ ဆူအား နံနက် ၅နာရီမှ ည ၈နာရီအထိ ဖွင့်လှစ်ဖူးမြော် စေလျက်ရှိကြောင်း ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူ များပြားလျက်ရှိပြီး ဂေါပကဥက္ကဋ္ဌ ထားရှိသည့် ဘုရားများဖြစ်သော တုရင်တောင် စွယ်တော်မြတ်စေတီ၊ လောကနန္ဒာစွယ် တော်မြတ်စေတီ၊ ရွှေစည်းခုံဘုရား၊ ကျောက်ဂူဥမင်ဘုရား၊ ငှက်ပစ်တောင်ဘုရား၊ ဗူးဘုရား၊ အာနန္ဒာဘုရား၊ သဗ္ဗညုဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ မနူဟာဘုရား၊ ရွှေဆံတော်ဘုရား၊ အလိုတော်ပြည့်ဘုရား၊ ဓမ္မရံကြီး ဘုရား၊ စူဠာမဏိဘုရား၊ ဓမ္မရာဇကဘုရား၊ ပြဿကြီးဘုရား၊ မဟာဗောဓိဘုရား၊ ထီးလိုမင်းလို ဘုရား၊ မြစေတီဘုရားများတွင် ဘုရားဖူးများ စည်းကားနေပြီး၊ သမိုင်းဝင်ဘုရားများ ဖြစ်သည့် နဂါးရုံဘုရား၊ စိုးမင်းကြီးဘုရား၊ စိုးမင်းကြီးအုတ်ကျောင်း၊ အပါယ်ရတနာဘုရား၊ ငကျွဲနားဋောင်း ဘုရား၊ ပုထိုးသားများဘုရား၊ ခေမင်္ဂဘုရားဝင်း၊ ရင်မနားဘုရားဝင်း၊ သိကြားပုန်းဘုရား၊ သိကြားဟစ်ဘုရား၊ တာမဏီသိမ်းကျောင်း၊ မင်းနန်းသူဘုရားသုံးဆူ၊ တရုတ်ပြေးဘုရားခေါ် နရသီဟပတေ့ဘုရား၊ သံမ္ဘူလဘုရား၊ သစ္စာဝတီဘုရား၊ အနုမြူကပ်ကျော်ဘုရား၊ မျက်တော်ပြေ ဘုရား၊ အင်ကြင်းဂူဘုရား၊ ဗူးလည်သီးဘုရား၊ ရွာဟောင်းကြီးဘုရား၊ ဝတ္တနထောဘုရားဝင်း၊ ဆူးလေကုန်းဘုရားစု၊ ရှင်အဇ္ဇဂေါနဘုရား၊ ဂူနီဘုရားခေါ် ကူးနီးဘုရား၊ ခြောက်ဘုရားလှ ဘုရားများတွင်လည်း မြန်မာပြည်ရပ်ရပ်မှ ဘုရားဖူး လာရောက်သူများက ရှေးဟောင်းနံရံဆေးရေးပန်းချီများ၊ ကနုတ်ပန်း၊ ကျောက်ဆစ်ပန်း၊ အင်္ဂတေများအား စိတ်ဝင်တစား လေ့လာမှု များပြားလာခဲ့ကြောင်း သိရပြီး ယခုရက်ပိုင်းတွင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ ဘုရားဖူးလာရောက်သူ သုံးသောင်းကျော် လာရောက်ဖူးမြော်လျက်ရှိပြီး ဂေါပကအဖွဲ့ ထားရှိသည့် ဘုရား ၁၉ ဆူတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဝင်ရောက်ဖူးမြော်စေကြောင်းလည်း သိရသည်။

ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေကြောင်းခရီးဖြင့် လာရောက်ကြခြင်း၊ ကိုယ်ပိုင်ကားများ၊ ခရီးသွားလုပ်ငန်းကားများဖြင့် လာရောက်ကြကာ သင်္ကြန်အကြိုကာလ အတွင်း ခရီးသွားဘုရားဖူးဧည့်သည် အဝင်များလျက်ရှိပြီး E-Bike၊ မြင်းလှည်း၊ တုတ်တုတ်(ခေါ်) မီနီအိုးဝေများ၊ Tour ကားများ အငှားလိုက်ရပြီး ဝင်ငွေကောင်းနေကြကာ စားသောက်ဆိုင်များလည်း ဘုရားဖူးများခြင်းကြောင့် ရောင်းအားကောင်းနေကြကြောင်း သိရသည်။

ကိုထိန်၊KPD