မောက်မယ်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်သင်္ကြန်ပွဲတော်ဖွင့်ပွဲကျင်းပ   

မောက်မယ် ဧပြီ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြန်မာသက္ကရာဇ် (၁၃၈၃)ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုလမ်းလျှောက် သင်္ကြန်ပွဲတော်ကို နမ့်ယွန်းဂေါက်ကွင်း ဗဟိုမဏ္ဍပ်တွင် ယနေ့ နံနက်  ၈ နာရီက ဖွင့်လှစ်ခဲ့သည်။   

ရှေးဦးစွာ လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးမြင့်ဇော်က မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးလမ်းလျှောက် သင်္ကြန်ပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့အတွင်းရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်နိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး အောင်သက်မင်း၊ မြို့မိမြို့ဖ ဦးစိုင်းအွတ်နှင့် ဦးကျော်မြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး  သင်္ကြန်ယိမ်းအဖွဲ့များမှ သင်္ကြန်မိုးသီချင်းဖြင့် ကပြ‌ဖျော်ဖြေကာ အခမ်းအနား ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။.

စိုင်းမျိုးသန့်(မောက်မယ်)