မိုင်းဖြတ်မြို့၊​ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)​ ကျောင်းတိုက်၌ (၂၆)ကြိမ်​မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူ​ဇော်ပွဲကျင်းပ

မိုင်းဖြတ် ဧပြီ ၁၃

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၁၀၈)နာရီတိုင်တိုင် ရွတ်ဖတ်ပူ​ဇော်မည့် (၂၆)ကြိမ်​မြောက် မဟာပဋ္ဌာန်းရွတ်ဖတ် ပူ​ဇော်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်​နေ့ ည​နေ ၅ နာရီက ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်းတိုက်ရှိ မင်္လာသီရိ​ကျောင်း​ဆောင်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

​ရှေးဦးစွာ န​မောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်​တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့​နောက် နမ့်ပန်​ကျောင်းဆရာ​တော် ဘဒ္ဒန္တပညာသီရိက ရောင်ခြည်​တော်ဖွင့် ဂါထာဖြင့် ဘုရာင့်ပင့်​တော်မူခဲ့ပြီးနောက် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)​ ကျောင်းဆရာ​တော် (အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ) ဘဒ္ဒန္တနန္ဒောဘာသထံမှ တရားနာပရိတ်သတ်များက ငါးပါးသီလခံယူ​ဆောက်တည်ကြသည်။

ဆက်လက်၍ ဘဒ္ဒန္တမာနိတ အရှင်သူမြတ်ပ ပဋ္ဌာန်းတရားနာကြားရန် နတ်ဗြဟ္မာများ ပင့်ဖိတ် ခြင်းကိုလည်း​ကောင်း၊ ဘဒ္ဒန္တသောဘိတအရှင်သူမြတ်က ပဋ္ဌာန်း​ဒေသနာ​တော်ရွတ်ဖတ်ပူ​ဇော် ရန် တိုက်တွန်း​နိုး​ဆော်လွှာ (ပဋ္ဌာန်းအမွှန်း)ကို လည်း​ကောင်း ရွတ်ဖတ်ခဲ့ကြသည်။

ယင်း​နောက် သံဃာ​တော်အရှင်သူမြတ်များနှင့် တရားနာပရိတ်သတ်အ​ပေါင်းတို့က ပဋ္ဌာန်းပစ္စယု​ဒ္ဒေသပါဠိ​တော်များကို ရွတ်ဖတ်ခဲ့ကြပြီး​နောက် အလှည့်ကျ ဘဏကဆရာ​တော်က ပဋ္ဌာန်း တရား​တော်မြတ်ကို စတင်ရွတ်ဖတ်ပူ​ဇော်ခဲ့သည်။

အဆိုပါ (၁၀၈)နာရီတိုင်တိုင် ရွတ်ဖတ်ပူ​ဇော်မည့် မဟာပဋ္ဌာန်းရွတ်ဖတ်ပူ​ဇော်ပွဲကို ဧပြီလ ၁၂ ရက်မှ ၁၇ ရက်​နေ့အထိ ရွတ်ဖတ်ပူ​ဇော်သွားမည်ဖြစ်​ကြောင်း သိရသည်။

သန်းထွန်း​အေး