ချီဖွေမြို့နယ်၌ “မျိုးချစ်စိတ်ဓာတ်နှင့်ယနေ့လူငယ်” ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲကျင်းပ

ချီဖွေ ဧပြီ ၁၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ “မျိုးချစ်စိတ်ဓာတ်နှင့်ယနေ့လူငယ်” ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး)၊ ဦးဂွါဇာလေးက နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/သူများအား ကာယဉာဏ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်များအတွက် ပြည်သူ့စာကြည့်တိုက်သို့ စာပေဗဟုသုတ၊ အသိပညာတိုးပွားလာစေရန် စာအုပ်/စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်းနှင့် ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ သည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင်အခြေခံပညာအထက်တန်းကျောင်း(ချီဖွေ)မှကျောင်းသား/ သူ (၁၀)ဦးတို့ က “မျိုးချစ်စိတ်ဓာတ်နှင့်ယနေ့လူငယ်” ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုရရှိသည့် ကျောင်းသား/သူများအား ဦးစီးအရာရှိ(တာဝန်ပေး) ဦးဂွါဇာလေးက ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)