ညောင်ရွှေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ညောင်ရွှေ စက်တင်ဘာ       

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် ပြည်သူများအား အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေ ပေးခြင်းကို စက်တင်ဘာ ရက် နံနက်ပိုင်းက  မြို့ဝင်မုခ်ဦး လမ်းဆုံ၊ ဈေးလှေဆိပ်၊ ညောင်ရွှေ-ပေါင်းပိုင်းလမ်း တိန့်နန်းတံတားနေရာတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်း မဖြစ်မနေတပ်ပြီးမှထွက်ရန်၊ လူစုလူဝေးနေရာများ ရှောင်ရှားရန်၊ လက်ကိုမကြာခဏဆေးကြောရန်တို့ကို အသိပညာပေး နှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် နှာခေါင်းစည်း  ၁၈၀၀ ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နေမျိုးသူရိန် (ပြန်/ဆက်)