မိုးညှင်းမြို့တွင် ဖြတ်သန်းမောင်းနှင်နေကြသည့် မော်တော်ယာဉ်လိုင်း (၂၅)လိုင်းရှိပြီး သင်္ကြန်ကာလအတွင်း၌ (၂၃)လိုင်းသာ ပုံမှန်အတိုင်းပြေးဆွဲသွားမည်

မိုးညှင်း ဧပြီ ၁၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့အတွင်းသို့ ဖြတ်သန်းမောင်းနှင်နေကြသည့် မော်တော်ယာဉ်လိုင်း(၂၅)လိုင်းရှိသည့်အနက် သင်္ကြန်ကာလအတွင်း၌ (၂၃)လိုင်းသာ ပုံမှန်အတိုင်း ပြေးဆွဲသွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ ယာဉ်လိုင်းများသည် မြစ်ကြီးနား-မန္တလေး-ရန်ကုန်စသည့် အခြားမြို့များသို့ ပြေးဆွဲကြရာ မိုးညှင်းမြို့မှ စတင်ထွက်ခွာပြေးဆွဲသည့် မော်တော်ယာဉ်လိုင်း (၃)လိုင်းသာရှိပြီး ၎င်းယာဉ်လိုင်း (၃)လိုင်းသည် ဧပြီလ(၁၃)ရက်နေ့မှ (၁၇)ရက်နေ့အထိ ခေတ္တပိတ်နားထားမည်ဖြစ်ကြောင်း၊ နှစ်ဆန်း (၂)ရက်နေ့တွင် ကားကြီးကွင်း၌ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်းများ ပြုလုပ်ပြီးမှ မြို့ပေါ် ယာဉ်လိုင်းများ ယခင်ပုံမှန်အတိုင်း စတင်ပြေးဆွဲသွားမည်ဖြစ်၍ ကျန်ရှိနေသည့် မော်တော်ယာဉ်လိုင်း (၂၃)လိုင်းသည် ပုံမှန်အတိုင်းပြေးဆွဲသွားမည်ဖြစ်ကြောင်း မော်တော်ယာဉ် အသင်းဥက္ကဋ္ဌ ဦးနေဝင်းထံမှ သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)