တံတားဦး ဧပြီ ၉
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်မှ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ အသက်(၁၈)နှစ် အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် Mobile စနစ်ဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး၊ မပြီး စစ်ဆေးခြင်းနှင့် မထိုးနှံသေးပါက တစ်ခါတည်း ထိုးနှံပေးခြင်းများအား တံတားဦး-မြို့သာ ကာလမ်း အမှတ်(၂)ရပ်ကွက် ဆုံကုန်းရပ်ရှိ BOC ဆီဆိုင် အနီးတွင် ဆောင်ရွက်လျက်ရှိရာ အသက်(၁၈)နှစ်နှင့် အထက် ခရီးသွားပြည်သူများ၊ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု လက်မှတ်စစ်ဆေးခြင်း၊ မထိုးနှံရသေးပါက ချက်ချင်း ထိုးနှံပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးသူများ ထိုးပြီးခြောက်လကျော်ပါက ထပ်ဆောင်းထိုးနှံပေးခြင်းများနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် ခရီးသွားပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန်ရှိများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ ပူးပေါင်းပြီး အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး တံတားဦးမြို့နယ်အတွင်း ထိုးနှံနိုင်ငရေးနှင့် ခရီးသွားပြည်သူများ ကာကွယ်ဆေး ထိုးနှံပြီး၊ မပြီး စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး ကာကွယ်ဆေးများကို သတ်မှတ်ကာလအတွင်း ထပ်ဆောင်းဆေးထိုးနှံပြီး၊ မပြီး စစ်ဆေးခဲ့ကြောင်း သိရသည်။
ရဲတင့်