ဆီဆိုင်မြို့နယ်၌ ရှေးဦးပြုစုခြင်း(သာမာန်)သင်တန်း ဖွင့်လှစ်သင်ကြားပေး

ဆီဆိုင် ဧပြီ    ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ဆီဆိုင်မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှ ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း (သာမာန်)သင်တန်းကို ဧပြီ ၅ ရက် နံနက် ၉ နာရီမှ စ၍ နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူ ခြေခံပညာအထက် တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အဆိုပါသင်တန်းတွင် နောင်ကျောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ သင်တန်းသား၊ သင်တန်း သူ(၆၃)ဦးတက်ရောက်ပြီး သင်တန်းနည်းပြ(၄)ဦးတို့က  ကြက်ခြေနီအကြောင်း သိကောင်းစရာနှင့် အခြေခံမူ(၇)ချက်၊   လူနာစမ်းစစ်ခြင်း၊ အပူလောင်ခြင်း၊ သဘာဝဘေးအန္တရာယ် ကာကွယ်ခြင်းနှင့် တုံ့ပြန်ခြင်း၊ ဦးစားပေးလူနာ ရွေးချယ်ခြင်း၊ ဒဏ်ရာများနှင့် သွေးယိုစီးခြင်း၊ အရိုးကျိုးခြင်း၊ အရိုး အဆစ်ကြွက်သားဒဏ်ရာ၊ သွေးဆုတ်သွေးလန့်ရှော့ဖြစ်ခြင်း၊ အခြေခံအသက်ကယ်အထောက် အကူပြုနည်း၊ သတိလစ်ခြင်း၊ အဆိပ်သင့်ခြင်း၊ ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ၊ တီဘီရောဂါ၊ ဆေးထည့်ပတ်တီးစည်းနည်း၊ ရေကောင်းရေသန့်နှင့် ဝမ်းပျက်ဝမ်းလျှော၊ တစ်ကိုယ်ရေ  နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ HIV နှင့် AIDS ရောဂါ၊ ဆို့နစ်ခြင်း၊ ဦးခေါင်းနှင့်ကျောရိုး တန်မကြီး ဒဏ်ရာ၊ မူးမေ့ခြင်း၊ သတ္တဝါများတုပ်ခြင်း ကိုက်ခြင်း၊ အရေးပေါ် ကလေးမွေးဖွားပေးခြင်း၊ အထွေထွေဗဟုသုတ၊ စစ်ရေးပြခြင်း၊ စာတွေ့စစ်ဆေးခြင်းစသည့် ဘာသာရပ်များကို သင်တန်း ကာလ(၈)ရက်ကြာ Camp သွင်း၍ စာတွေ့လက်တွေ့ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)