ငါ့သရောက်မြို့တွင် “အတွေးများမှသည် လက်တွေ့လုပ်ဆောင်မှုဆီသို့”  စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ငါ့သရောက်မြို့ ဧပြီ ၇

မန္တလေးတိုင်ဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့  ပြန်/ဆက် ဦးစီးဌာန (Community Centre)  ခန်းမတွင် ယနေ့နံနက် ၁၀ နာရီတွင် ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ (Book Club) တို့ပူးပေါင်းပြီး စာရေးဆရာ “မြနှင်းရည်ရှိန်” ဘာသာပြန်ဆို ရေးသားထားသော “အတွေးများမှသည် လက်တွေ့လုပ်ဆောင်မှုဆီသို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သော ဒေါ်သီတာမိုးမှ  “ပြဿနာကို ကျော်လွန်ပြီး ဘဝကို ဝေးဝေးမျှော်ကြည့်ပါ၊ ငုပ်လျှိုးနေသောအရည်အချင်းများကို မြင့်တင်ပါ၊ အမှန်တရားနှင့် စောင့်ဆိုင်းမှု ၊ ယုံကြည်မှုများနှင့်စကားပြောဆိုပါ” စသည့် ခေါင်စဉ်ခွဲပါ အကြောင်းအရာများကိုလည်းကောင်း၊ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါ်လဲ့လဲ့မိုးမှလည်း “ရှုံးနိမ့်မှု အသေးစားလေးကို ထပ်ဖန်တလဲလဲလေ့ကျင့်ပြီး အောင်မြင်မှုကြီးအဖြစ် ဖန်တီးပါ၊ အချိန်နှင့် ကြိုးစာမှု၏ ၃၀% ကို အနာဂါတ်အတွက်ရင်းနှီးမြုပ်နှံပါ၊ အခြားသူများနှင့်အတူတကွ အောင်မြင်မှုကိုရယူပါ” စသည့် အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေ (ပြန်/ဆက်)