မိုင်းတုံမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မိုင်းတုံ ဧပြီ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ​မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံအမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက  နိုင်ငံတော်မှချမှတ်ထား‌သော မူဝါဒများဖြစ်သည့် “မြန်မာ့အားကစားမှ ကမ္ဘာအားကစားသို့” ဆောင်ပုဒ်နှင့်အညီ  ရည်မှန်းချက်၊ တစ်မျိုးသားလုံး ကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ပြီး ထူးချွန်ထက်မြက် သော အားကစားသမားများ  ပေါ်ပေါက်လာစေရန်၊အချင်းချင်း‌ ကောင်းသည့် စိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကစားသွားကြရန် အဖွင့်အမှာစကား‌ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားကလပ်ပေါင်းစုံအမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် (D. M Fc)အသင်း(M. T Fc) အသင်း၊ (Old But Gold Fc)အသင်း(Young Star Fc) အသင်းနှင့် (Golden EangleFc) အသင်းတို့ဖြင့်  တစ်သင်းလျှင် (၁၂)ယောက်စီ ပါဝင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ကြောင်းမြို့နယ်  အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ခံဦး‌ ကျော်ဇင်လတ်ထံမှ သိရှိရသည်။

မျိုးကျော်စိုး(မိုင်းတုံပြန်/ဆက်)