မိုးညှင်းမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကြသူများအား စေတနာရှင်များမှ အာဟာရမုန့်နှင့် ဖျော်ရည်ဘူးများ လာရောက်လှူဒါန်း

မိုးညှင်း  ဧပြီ 

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများအား စေတနာရှင်များမှ အာဟာရမုန့်နှင့် ဖျော်ရည်ဘူးများကို ယမန်နေ့မွန်းတည့် (၁၂)နာရီက လာရောက် လှူဒါန်းပေးခဲ့သည်။

အဆိုပါ လာ‌ရောက်လှူဒါန်းရာ၌ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနနှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတို့တွင်‌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆို ကြသည့် ကျောင်းသား ကျောင်းသူများ၊ တာဝန်ကျဆရာ ဆရာမများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား စာမေးပွဲ ဖြေဆိုပြီးချိန်တွင် ဒေသခံစေတနာရှင်ပြည်သူများမှ စုပေါင်း၍ အာဟာရမုန့်နှင့် ဖျော်ရည်ဘူး မျိုးစုံတို့ကို ဝေငှပေးခဲ့သည်။

ဆက်လက်၍ ဧပြီလ(၇)ရက်နေ့တွင် မိုးညှင်းမြို့အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနများ တွင်လည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူများ၊ တာဝန်ကျဆရာ ဆရာမများနှင့် လုံခြုံရေး တာဝန် ထမ်းဆောင်နေသူများကို ဒေသခံစေတနာရှင်များမှ အာဟာရမုန့်နှင့် ဖျော်ရည်ဘူးမျိုးစုံတို့ကို ဆက်လက် ဝေငှပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)