ကျောက်ဆည်မြို့နယ်၌ တက္ကသိုလ်ဝင်စားမေးပွဲ ပထဝီဝင်ဘာသာရပ် ဆက်လက်ဖြေဆို

ကျောက်ဆည် ဧပြီ ၇

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ်၌ ၂၀၂၂  ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ယနေ့ဖြေဆိုသည့် ပထဝီဝင်ဘာသာရပ်တွင် စာဖြေဌာန(၂)ခု ဆောင်ရွက်ထားပြီး ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ ကျောင်းသူ (၂၉)ဦး ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ဖြေဆိုရာတွင် ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာဖြေဌာနတွင် ကျောင်းသား(၁၂)ဦး၊ ကျောင်းသူ(၄)ဦး၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာနတွင် ကျောင်းသား(၃)ဦး၊ ကျောင်းသူ(၁၀)ဦး၊ စုစုပေါင်း(၂၉)ဦး ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသော ကျောင်းသား/ကျောင်းသူများ ဖြေဆိုနိုင်ရေးနှင့် အခက်အခဲမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များမှ စာဖြေဌာနများတွင် လိုအပ်သည်များ ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်းသိရှိရသည်။

သက်မောင်(ကျောက်ဆည်)