ထန်းတပင်(ရန်ကုန်) ဧပြီ ၆
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ်ကို ဧပြီလ(၆)ရက်နေ့၊ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စာစစ်ဌာန(၃)ခုတို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက် ဖြေဆိုခဲ့ကြကြောင်းသိရသည်။
ထန်းတပင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်သို့ ဝင်ရောက် ဖြေဆိုရန်လျောက်ထားခဲ့သည့် ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ ကျား(၃၃၇)ဦး၊ မ(၄၃၆)ဦး စုစုပေါင်း(၇၇၃)ဦးတို့ရှိခဲ့ရာ ဇီဝဗေဒ ဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား(၂၆)ဦး၊ ကျောင်းသူ(၄၆)ဦး စုစုပေါင်း ဇီဝဗေဒဘာသာရပ်သို့ ကျောင်းသား/သူ (၇၂)ဦးတို့ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဘောဂဗေဒ ဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား (၂၆၀)ဦး၊ ကျောင်းသူ(၃၄၈)ဦး စုစုပေါင်း ဘောဂဗေဒဘာသာရပ်သို့ ကျောင်းသား၊ ကျောင်းသူ (၆၀၈)ဦး တို့ဝင်ရောက်ဖြေဆိုခဲ့ကြ ကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှသိရသည်။
ထန်းတပင်မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထက(ထန်းတပင်)၊ အ.ထ.က (ကျူတော)နှင့် အ.ထ.က(လှည်းဆိပ်) စာစစ်ဌာန(၃)ခုတို့တွင် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ဝင်ရောက် ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ထန်းတပင် မြို့နယ် အမှတ်(၆၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက ပူးပေါင်းကာ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)