မိုင်းယန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ “ဝန်ထမ်းကျင့်ဝတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မိုင်းယန်း    ဧပြီ  ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ဝန်ထမ်းများ အရည်အသွေး မြင့်မား လာစေရေးနှင့် ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို နည်းလမ်းမှန်ကန်စွာ သိရှိလိုက်နာစေရန်အတွက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန၌ ယနေ့ မွန်းလွဲ ၁ နာရီက  “ဝန်ထမ်းကျင့်ဝတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ စာဖတ်ဝိုင်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက “ဝန်ထမ်းကျင့်ဝတ်” စာအုပ်တွင် ပါရှိသည့် အခြေခံအခွင့်အရေးများကိုလည်းကောင်း၊ ဓာတ်ပုံကျွမ်းကျင်-၂ (အင်အားပြ) ဦးထွန်းထွန်းထူးက တာဝန်ထမ်းဆောင်မှုကို အကြောင်းပြုသော ခံစားခွင့်များကိုလည်းကောင်း၊  ယာယီနေ့စား ဒေါ်ဆုလင်းနန္ဒာက ခွင့်နှင့်လျဉ်းသည့် သတ်မှတ် ချက်များ စသည့်ခေါင်းစဉ်များဖြင့် စာဖတ်ဝိုင်း ဆေွးနွေးပွဲ ဆောင်ရွက်ကြောင်း သိရသည်။

ထွန်းထွန်းထူး