မြိတ်မြို့တွင် ကိုဗစ် − ၁၉ ရောဂါကာကွယ်ရေးအတွက် Mask (၄၀၀၀) ခုအခမဲ့ဖြန့်ဝေ

မြိတ် စက်တင်ဘာ 

မြိတ်မြို့တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် နှာခေါင်းစည်းများ (၄၀၀၀) ခု အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အခမဲ့ဖြန့်ဝေခြင်းကို မြိတ်မြို့ပေါ်ရှိ ဂရုဏာနာရေးကူညီမှုအသင်း၊ ပရဟိတနာရေးကူညီမှုအသင်း၊ အောင်မင်္ဂလာနာရေးကူညီမှုအသင်း၊ ချမ်းမြေ့နာရေးကူညီမှုအသင်း၊ ဝဋံသကနာရေးကူညီမှုအသင်းတို့ ဦးဆောင်ပူးပေါင်းသော အဖွဲ့တို့သည် လမ်းသွားလမ်းလာပြုလုပ်သူတိုင်း mask ဖြန့်ဝေပေးခြင်း၊ အပြင်ထွက်လျှင် mask တပ်ဆင်ရေးအတွက် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ရမည်ဖြစ်ကြောင်း အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝါဝါခိုင်(မြိတ်ခရိုင်ပြန်/ဆက်)