ကျိုက်ဒုံမြို့၊လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စကားပုံဆက်ပြိုင်ပွဲ နှင့်ပျော်ရွှင်ဖွယ်ကစားနည်းများကျင်းပ

ကျိုက်ဒုံ ဧပြီ ၆

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀နာရီက နွေရာသီ ကျောင်းပိတ် ရက်တွင် အားလပ်နေသောမူလတန်းအဆင့် ကျောင်းသားကျောင်းသူများ၊ ဉာဏ်ရည် ဉာဏ်တွေး ထက်မြက်လာစေရန်၊ပြင်ပ ဗဟုသုတများနှင့်အသိပညာများ တိုးပွားလာစေရန် နှင့်စာကြည့်တိုက်ကို အကျိုးရှိစွာ အသုံးပြုလာနိုင်စေရေးအတွက် ရည်ရွယ်ပြီး စကားပုံဆက်ပြိုင်ပွဲနှင့် ပျော်ရွယ်ဖွယ် ကစားနည်းများ ကျင်းပပေးခဲ့သည်။

ပြိုင်ပွဲတွင် စာကြည့်တိုက်မှူးဒေါ်နန္ဒာလှိုင်မှ မူလတန်းအဆင့် ကျောင်းသားကျောင်းသူများအား တွဲဖက်၍အသုံးပြုရမည့် စကားပုံများနှင့်ပတ်သပ်ပြီး အမေးအဖြေများပြုလုပ်ခဲ့ပြီး ပျော်ရွှင်ဖွယ် ကစားနည်းများ ဆက်လက်ကျင်းပပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်