တာမွေမြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံဘာသာတွဲ နောက်ဆုံးနေ့  ဇီဝဗေဒဘာသာရပ်အား ကျောင်းသား/သူ ၈၆ရာခိုင်နှုန်း အေးချမ်းစွာ ဝင်ရောက်ဖြေဆို

ရန်ကုန် ဧပြီ 

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ၂၀၂၂ ခုနှစ် မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံဘာသာတွဲ နောက်ဆုံးနေ့ ဇီဝဗေဒဘာသာရပ်ကို မြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် ဆက်လက်ကျင်းပခဲ့ပြီး ကျောင်းသား/သူ (၈၆)ရာခိုင်နှုန်း အေးချမ်းစွာ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံဘာသာတွဲ နောက်ဆုံးနေ့ ဇီဝဗေဒဘာသာရပ်ဖြေဆိုနေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံဘာသာတွဲ ဇီဝဗေဒဘာသာရပ်အား ဖြေဆိုရန်စာရင်းရှိ ကျောင်းသား(၁၄၆)ဦး၊ ကျောင်းသူ(၁၅၇)ဦး စုစုပေါင်း (၃၀၃)ဦးရှိရာ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၁၂၅)ဦး၊ ကျေင်းသူ(၁၃၇)ဦး စုစုပေါင်း (၂၆၂)ဦး အထိရှိပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ (၈၆)ရာခိုင်နှုန်းခန့်အထိရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(တာမွေ)