‌ကျောက်ပန်းတောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မိတ်ဖက်ဌာနများ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံ အားကစားသင်တန်းများ ဆင်းပွဲအခမ်းအနား ကျင်းပ

ကျောက်ပန်းတောင်း ဧပြီ ၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၂ခုနှစ် နွေရာသီအခြေခံအားကစား သင်တန်းများဆင်းပွဲအခမ်းအနားကို၊ ယမန်နေ့ ညနေ(၃)နာရီက မြို့နယ်အားကစားခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် နွေရာသီအခြေခံအားစားသင်တန်းများအဖြစ် ဘောလုံး၊ ဝူရှူး၊ မြန်မာ့သိုင်း၊ ရိုးရာ ခြင်း၊ Physical Fitness Dance အစရှိသည့် အားကစားနည်း(၅)မျိုးကို မြို့နယ်အားကစားကွင်းတွင်(၂၂-၃-၂၀၂၂)ရက်နေ့မှ (၅-၄-၂၀၂၂)ရက်နေ့အထိ(၁၅)ရက်တာ အခမဲ့သင်ကြားပေးခြင်းဖြစ်ကြောင်းသိရပြီး၊ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါသင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်ကအဖွင့်အမှာ စကားပြောကြားပြီး၊ မြန်မာ့သိုင်း၊ ဝူရှူးနှင့် Physical Fitness Dance အားကစား သင်တန်းသားများက သရုပ်ပြတင်ဆက်ကြသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်တာဝန်ရှိသူများက သင်တန်း တစ်ခုချင်းအလိုက် သင်တန်းဆင်းလက်မှတ်များကို  အဖွဲ့ခေါင်းဆောင်များထံ တစ်ဦးချင်းပေးအပ်၍ ၊ သင်တန်းနည်းပြများကိုဂုဏ်ပြုလက်ဆောင်များပေးအပ်ကာသင်တန်းဆင်းပွဲအခမ်းအနားကိုရုတ်သိမ်း လိုက်သည်။

အဆိုပါသင်တန်းဆင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ညောင်ဦးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ညိုညိုထွေးနှင့်တာဝန်ရှိသူများ၊ နည်းပြများနှင့် အားကစားဝါသနာရှင်သင်တန်းသားများ စုစုပေါင်း (၁၃၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)