သရက်ချောင်းမြို့၌  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးမှုနှင့် မီးသတိမူရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

သရက်ချောင်း  ဧပြီ  ၆       

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်၊ မော်ရှည်ကုန်းရပ်ကွက်၊ ပိန်းတောကျေးရွာရငဲကျေးရွာ၊ ကမြိုင်ကျေးရွာတို့တွင် မီးဘေးန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကိုမြို့နယ် မီးသတ်ဦးစီးဌာနက ယနေ့နံနက် (၉း၀၀)နာရီအချိန်၌ အဆိုပါရပ်ကွက်များနှင့် ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးနှင့် မီးသတိ မူရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါစစ်ဆေးမှုနှင့် ပတ်သက်၍ သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာန၊ ဦးစီးမှူးဦးသက်နိုင်လွင်နှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ နေအိမ်များသို့ သွားရောက်ကာ မိဘပြည်သူများအနေဖြင့် ယခုအခါ ပွင့်လင်း ရာသီကို ရောက်ရှိနေပြီဖြစ်သည့်အတွက် မိမိမြို့နယ်အတွင်း မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး နှင့် မီးဘေးကြောင့် ဒေသခံပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှု မရှိစေရေးအတွက် မီးကိုစနစ်တကျ အသုံးပြုစေရေး၊ မိမိတို့ အသုံးပြုပြီးသောအမှိုက် သရိုက်များအား စနစ်တကျ စွန့်ပစ်စေရေး၊ လျှပ်စစ် အသုံးပြုသူမိဘပြည်သူများ အနေဖြင့် မိမိနေအိမ်တွင် လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှု ရှိ/မရှိ၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးပလက်ပေါက်များ  ဟောင်းနွမ်းနေပါက သက်ဆိုင်ရာ လျှပ်စစ်ဝန်ထမ်းများဖြင့် လဲလှယ်တပ်ဆင် အသုံးပြုကြရန်၊ ထင်းမီးဖိုဖြင့်ထမင်းဟင်း ချက်ပြုတ်သူများ အနေဖြင့် မီးကြွင်း မီးကျန်များကို စနစ်တကျ မီးငြှိမ်းသတ်ကြရန်နှင့် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက် များအား လိုက်နာဆောင်ရွက်ကြရန်၊ မိမိတို့ နေအိမ်တွင် မီးသုံးစွဲမှုနှင့် ပတ်သက်ပြီး သတိထားရမည့် အချက်များ၊ ဆောင်ရန်၊ရှောင်ရန်အချက်များ၊ မီးဘေးန္တရယ် ကြိုတင် ကာကွယ်နိုင်ရန်အတွက် ထားရှိအပ်သော ရှေးဦးမီးငြှိမ်းသတ်ရေးပစ္စည်းများ ဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မိမိတို့နေအိမ်ရှိ ရေကန်များတွင် ရေအသင့်ဆောင်ထား ကြရန်နှင့် မီးသတ်ဆေးဘူးများ တပ်ဆင်ထားကြရန် လိုအပ်ကြောင်း၊ အကယ်၍ မတော်တဆမီးလောင်မှုဖြစ်ပွားပါက သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနသို့လည်းကောင်း၊ ၁၉၁ နံပါတ်သုံးလုံးအား လည်းကောင်းရိုက်နှိပ်ခေါ်ဆို ဆက်သွယ်၍ အကူအညီတောင်းခံနိုင်သည်ဟု အသိပညာပေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

နန်းခလိုက်(သရက်ချောင်း)