စိုက်ပျိုးထုတ်လုပ်မှု စရိတ်နည်းပါးပြီး  ဒေသတွင်း စားသုံးဆီ ဖူလုံရေးအတွက် နေကြာသီးနှံကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မိုးနှင့်ဆောင်းသီးနှံများအဖြစ်စိုက်ပျိုးသွားမည်

မိတ္ထီလာ  ဧပြီ ၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် စိုက်ပျိုးထုတ်လုပ်မှု စရိတ်နည်းပါးပြီး ဒေသတွင်း စားသုံးဆီ ဖူလုံ ရေးအတွက် အထောက်အကူပြုနိုင်သည့် နေကြာသီးနှံကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မိုးနှင့်ဆောင်း သီးနှံများအဖြစ် စိုက်ဧက ၂၉၈၀၀ ကျော်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။

မိတ္ထီလာခရိုင်အတွင်းရှိ ကျေးလက်နေတောင်သူများမှာ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နေကြာကို စီးပွားဖြစ် စိုက်ပျိုးလာလျှက်ရှိရာ ဆီထွက်သီးနှံများအနက် နေကြာသီးနှံမှာ သီးထပ်သီးညှပ်အပြင် နေကြာတစ်မျိုး တည်း သီးသန့်ဖြင့် ရာသီမရွေး မျိုးစေ့ စျေးနှုန်း သက်သာစွာ ဝယ်ယူ စိုက်ပျိုးနိုင်သော သီးနှံဖြစ်၍ မိုးရာသီ နှင့် ဆောင်းရာသီတို့တွင် စိုက်ပျိုးလျှက်ရှိသည်။ ယင်းသို့ စိုက်ပျိုးရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တွင် မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာမြို့နယ်တွင် မိုးနေကြာစိုက်ဧက ၁၄၀၆ နှင့် ဆောင်းနေကြာစိုက်ဧက ၄၄၆၉ ဧကတို့ကို စိုက်ပျိုးသွားမည်ဖြစ်ပြီး မလှိုင်မြို့နယ်တွင် မိုးနေကြာ စိုက်ဧက ၂၅၈၀ ဧကနှင့် ဆောင်းနေကြာစိုက်ဧက ၈၀၀၀ စိုက်ပျိုးသွားမည်ဖြစ်သည်။ ၎င်းအပြင် သာစည် မြို့နယ်တွင် မိုးနေကြာစိုက်ဧက ၁၅၁၄ ဧကနှင့် ဆောင်းနေကြာစိုက်ဧက ၇၉၉၃ ဧကတို့ စိုက်ပျိုးသွား မည်ဖြစ်ပြီး ဝမ်းတွင်းမြို့နယ်တွင် ဆောင်းနေကြာ စိုက်ဧက ၃၉၀၀ စိုက်ပျိုးသွားရန် လျားထားကြောင်း သိရ သည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)