စဉ့်ကိုင် ဧပြီ ၅
မန္တလေးတိုင်းဒေသကြီး ၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ အတွင်းကိုဗစ်-၁၉ရောဂါ လျော့နည်းကျဆင်း စေရေးနှင့်ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ယနေ့နံနက်(၁၀)နာရီက စဉ့်ကိုင် ပြည်သူ့ဆေးရုံ၌ (Covishield) ထိုးနှံပြီး(၆)လပြည့်သူများကို (Booster Dose)များ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ(Booster Dose )ကာကွယ်ဆေးများ ထိုးနှံပေးရာတွင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ ပလိပ်တိုက်နယ်ဆေးရုံတွင် ဒေါက်တာသက်ကိုကိုလွင် (ရောဂါ နှိမ်နှင်းရေး) ၊ ကျောက်ဆည်တက္ကသိုလ်တွင်ဦးစောအေး(ကျန်းမာရေးမှူး) တို့ကဦးဆောင်၍ ကျန်းမာရေး၀န်ထမ်း များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ပညာရေးဌာနမှ၀န်ထမ်းများ၊ မီးသတ် တပ်ဖွဲ့၀င်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၀င်များ၊ ပရဟိတ အသင်းအဖွဲ့၀င်များ ၊ ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စဉ့့််ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီဥက္ကဋ္ဌ၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့၀င်များနှင့်ပူးပေါင်းပြီး Omicron အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးကို သတိပြုကာကွယ်ရန်နှင့် ကူးစက် ပြန့်ပွားမှု မဖြစ်စေရေး၊ ကြိုတင်ကာကွယ် တားဆီးနိုင်စေရန်နှင့် ရောဂါကူးစက်မှုလျော့နည်းစေရေးအတွက် ပြည်သူများသိရှိလိုက်နာစေရန်၊ အသံချဲ့စက်မျာ ၊ Hand Spaker များဖြင့် လှည့်လည်ပြီး အသိပညာပေးနှိုးဆော်ခြင်း၊ ဒေသန္တာရ စည်းကမ်းချက်များ၊ ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသောညွှန်ကြားချက်များ အတိုင်းလိုက်နာမှု ရှိ/ မရှိ စစ်ဆေးခြင်း အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ဧပြီ(၃)ရက်နေ့အထိ First Dose (၈၄၈၂၁)ဦး Second Dose ( ၅၆၄၁၈ )ဦးနှင့် Third Dose (Booster Dose)(၁၄၃၇)ဦး၊ ရာခိုင်နှုန်းအားဖြင့် (၁၀၀.၀၀%) အားထိုးနှံပေးပြီးဖြစ်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှထိုးနှံခြင်း မရှိသေးသူများကိုလည်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည် ။
ညိုညိုဝင်း (ပြန်/ဆက်)