သံတောင်ကြီး ဧပြီ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ကုန်းတောင်တန်းပေါများသည့် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ မိုးရာသီတွင် မိုးများစဉ်ဆက်မပြတ်ရွာသွန်းပါက မြေပြိုမှု များ ဖြစ်ပေါ်လေ့ရှိသည့်အတွက် မြေပြိုဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ဘေးအန္တရာယ်စီမံ ခန့်ခွဲမှုဦးစီးဌာနမှ ယနေ့နံနက်(၉)နာရီအချိန်က သံတောင်ကြီးမြို့ အမှတ်(၄)ရပ်ကွက် လမ်းဆုံတွင် မြေပြိုဘေးပိုစတာစိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါမြေပြိုဘေးပိုစတာတွင် မြေပြိုဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မြေပြိုဘေး ဖြစ်နေစဉ်ဆောင်ရွက်ရန်အချက်များ၊ မြေပြိုလေ့ရှိသောဒေသများတွင် နေထိုင်သူများအနေဖြင့် “အရေးပေါ်သုံးပစ္စည်းများ သင်နှင့်အတူရှိပြီလား” ဆန်းစစ်ပါနှင့် သဘာဝဘေး အန္တရာယ်ကြုံတွေ့ လျှင် ဆက်သွယ်ရန်ဖုန်းနံပါတ်များ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
နော်နော်မူ