မိတ္ထီလာတွင် မီးဘေးသင့် အိမ်ထောင် ၄ စုအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

မိတ္ထီလာ ဧပြီ ၅

မိတ္ထီလာမြို့ ယနေ့ နံနက် ၅ မိနစ်အချိန်ကခန့်ကမီးလောင်မှု ဖြစ်ပွားခဲ့ပြီး  လူနေအိမ် ၄လုံးပျက်စီးဆုံးရှုံးခဲ့ရာ နေအိမ် မီးများလောင်မှုဒဏ်ခံရသည် အိမ်ထောင်စု ၄ စုအတွက် ထောက်ပံ့ပစ္စည်းများကို နံနက် ၁ဝ နာရီအချိန်တွင် အလှူ ရှင်မိသားစုက ပေးအပ်လှူဒါန်းကြောင်း သိရသည်။

   အဆိုပါ  နေအိမ်များမီးလောင်မှုဒဏ်ခံရသည့် အိမ်ထောင်စု ၄ စုထံသို့ တစ်အိမ်ထောင်စုလျှင် တန်ဖိုးငွေ တစ်သိန်း ကျပ်စီရှိ ဆန်၊ဆီ၊ဆား၊ ရေပုံး၊ ရေခွက်၊ ဆပ်ပြာ စသည့် အိမ်သုံးပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်းများကို အလှူ ရှင်မိသားစု ဦးနန္ဒငြိမ်းနှင့် ဒေါ်မိုးသီတာရွှေ ( သုခစိန်ရတနာအရောင်းဆိုင်) ကိုယ်စား Kyaw Group လူမှုကူညီရေး အသင်း တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ချမ်းသာ