ဆိပ်ကြီးခနောင်တို ဧပြီ ၅
၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ယနေ့ စတင်ကျင်းပရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်တွင်လည်း ငါးရက်မြောက်နေ့ ရူဗဗေဒဘာသာရပ်ကို အခြေခံပညာအထက်တန်းကျောင်း (အထက-ခနောင်တို) စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဆက်လက်ဖြေဆိုလျက်ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ယနေ့ ရူပဗေဒဘာသာရပ်ကို လာရောက်ဖြေဆိုသူ ကျောင်းသား ၇၁ဦးနှင့် ကျောင်းသူ ၁၁၁ ဦး၊ စုစုပေါင်း ၁၈၂ဦးရှိရာ ဖြေဆိုမှု ရာခိုင်နှုန်း ၇၈ ရာခိုင်နှုန်းရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက စာစစ်ဌာနကျောင်း၏ အတွင်း/ အပြင်တွင် စောင့်ကြပ်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံ(IPRD)