မိုင်းဆတ်မြို့၌ နွေရာသီအခြေခံ အေရိုးဗစ် သင်တန်းဖွင့်လှစ် သင်ကြား

မိုင်းဆတ် ဧပြီ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌  ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာ ဦးစီး ဌာနတို့ပူးပေါင်း၍ နွေရာသီအခြေခံအေရိုးဗစ် သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၁၁) နာရီက ခရိုင်လူထုအခြေပြု ဗဟိုဌာနခန်းမ တွင် ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က အဖွင့်အမှာ စကား ပြောကြားပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးချစ်ကိုက လူငယ်လူရွယ်များ ကျန်းမာရေး အထောက်အကူပြုစေရန်အတွက် ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်လာစေရန်၊ စုပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်များဖြစ်ပေါ်လာစေရန်၊  လူထုလှုပ်ရှားမှု အသိပညာပေး အစီအစဉ်များ ဆောင်ရွက်နိုင်ရေးအတွက် အားကစားသင်တန်း များ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်အားကစားနည်းပြက ကျောင်းသား၊ ကျောင်းသူများအား အေရိုးဗစ်လေ့ကျင့် ခန်းများကို သင်ကြားပြသ ပေးကာ နွေရာသီအခြေခံ အေရိုးဗစ်သင်တန်းအား သင်တန်းနည်းပြ တစ်ဦးဖြင့် ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးကို ဧပြီလ (၅) ရက်နေ့မှ (၂၄) ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ် ကြောင်းသိရသည်။

မြင့်မောင်(မိုင်းဆတ်)