မိတ္ထီလာ ဧပြီ ၅
မိတ္ထီလာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ အဖွဲ့ဝင်၊အရန်အဖွဲ့ဝင်များ၏ သားသမီးများအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းကို ဧပြီလ ၅ ရက်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ အဖွဲ့ဝင်များ၊ အရန်အဖွဲ့ဝင်များ၏ သားသမီးများအား ပညာသင်ကြားရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ရရှိစေရန် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူများကို ပညာသင်အတန်းအလိုက် နှစ်စဉ်မြန်မာနိုင်ငံစစ် မှုထမ်း ဟောင်းအဖွဲ့ချုပ်(ဗဟိုဌာနချုပ်)နှင့် မိတ္ထီလာမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့တို့မှ ပညာသင်စရိတ်ထောက်ပံ့ပေးအပ်လျက်ရှိသည်။ ထိုသို့ ပညာသင်စရိတ်ထောက်ပံ့ပေးအပ်လျက်ရှိရာ ၂၀၂၁-၂၀၂၂ပညာသင်နှစ်အတွက် မူလတန်းကျောင်းသားကျောင်းသူ ၆၉ ဦးအတွက် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ချုပ်(ဗဟိုဌာနချုပ်)မှ တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ် ၁၀၀၀၀ နှင့် မိတ္ထီလာ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ် ၅၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပြီး ၊ အလယ်တန်းကျောင်းသားကျောင်းသူ ၉၅ ဦးအတွက် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ချုပ်(ဗဟိုဌာနချုပ်)မှ တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ် ၁၅၀၀၀ နှင့် မိတ္ထီလာ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ် ၁၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ ပေးအပ်ခဲ့သည်။ ၎င်းအပြင် အထက်တန်းကျောင်းသားကျောင်းသူ ၅၀ ဦးအတွက် မြန်မာနိုင်ငံ စစ်မှုထမ်း ဟောင်းအဖွဲ့ချုပ်(ဗဟိုဌာနချုပ်)မှ တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ် ၂၀၀၀၀ နှင့် မိတ္ထီလာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ် ၁၅၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)