သိန္နီ ဧပြီ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပဥ္စမနေ့) ရူပဗေဒဘာသာရပ်ကို ယနေ့နံနက်ပိုင်း ၉ နာရီအချိန်က စတင်ကာ သိန္နီမြို့ အခြေခံပညာအထက်တန်ကျောင်း (၁) စာစစ်ဌာန တစ်ခုတည်း၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သိန္နီမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြို့နယ်အတွင်းရှိ အထက(၁)၊အထက(၂)၊ အထက (နမ့်စလပ်)၊ အထက(ခွဲ)(စယ်အူ)၊ အထက(ခွဲ)(မိုင်းလီ)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများက စာစစ်ဌာနတစ်ခု တည်းဖြစ်သော အထက(၁)တွင် ဝင်ရောက်ဖြေဆိုခြင်း ဖြစ်သည်။ သိန္နီမြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုရန် စာရင်းပေးသွင်းထားသူ အတွင်းဖြေ (၁၇၂)ဦး၊ အပြင်ဖြေ(၅၄)ဦး၊ စုစုပေါင်း (၂၂၆)ဦးရှိရာ (ပဥ္စမနေ့) ရူပဗေဒဘာသာရပ်တွင် ကျောင်းတွင်းဖြေဆိုသူ(၁၆၇)ဦး၊ ပြင်ပမှဖြေဆိုသူ(၄၀)ဦး၊ စုစုပေါင်း(၂၀၇)ဖြေဆိုခဲ့ရာ ရာခိုင်နှုန်းအားဖြင့် (၉၁.၅၉)ရာခိုင်နှုန်းလာရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
စောဥမ္မာ(သိန္နီ)