သီပေါ ဧပြီ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကိုယနေ့နံနက်ပိုင်းတွင် (ပဥ္စမနေ့)ရူပဗေဒ ဘာသာရပ်အားဖြေလျက်ရှိရာ သီပေါမြို့နယ်အတွင်းရှိသတ်မှတ် စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သီပေါမြို့နယ်အတွင်း စာစစ်ဌာန (၂)ခုထားရှိရာ (ပဥ္စမနေ့)ရူပဗေဒ ဘာသာရပ်အား အ.ထ.က(၁) သီပေါစာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၂၃၅)ဦး၊ အ.ထ.က နမ့်လန်စာစစ်ဌာနတွင် (၃၆)ဦး၊ စုစုပေါင်းဖြေဆိုသူ(၂၇၁)ဦး၊ ဖြေဆိုသည့်ရာခိုင်နှုန်း(၉၃.၇၇)ရာခိုင်နှုန်း ရှိကြောင်းနှင့် စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပညာရေးမှူး၊ ဆရာ၊ ဆရာမများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အတွင်းစည်း၊ အပြင်စည်းလုံခြုံရေးကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)