ညောင်ဦး ဧပြီ ၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျှက်ရှိသော ညောင်ဦးမြို့နယ် ဝက်သဲကျင်းတဲတိုက်သို့ ယနေ့နံနက် ၉ နာရီအချိန်က သောက်သုံး ရေဂါလံ ၁၆၀၀ သွားရောက် လှူဒါန်း ခဲ့ကြောင်းအေးမေတ္တာသောက်ရေအလှူတော်အသင်း ထံကသိရသည်။
ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျှက်ရှိသော ညောင်ဦးမြို့နယ် ဝက်သဲကျင်းတဲတိုက်သို့ သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ညောင်ဦး မြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော တဲတိုက်များ၊ ကျေးရွာများအတွက် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ လှူဒါန်းပေးလျက်ရှိရာ ယခုလှူဒါန်းသည့် ဝက်သဲကျင်းတဲတိုက်အတွက် ရေဂါလံ ၁၆၀၀ လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေဂါလံ ၁၂၅၄၆၀ ဂါလံ ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်နေသော ကျေးလက်ပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ဝက်သဲကျင်းတဲတိုက်တွင် အိမ်ခြေ ၃၇ အိမ်၊ လူဦးရေ ၆၀ ကျော်နေထိုင်သည့် တဲတိုက်ဖြစ်ကြောင်း ဝက်သဲကျင်းတဲတိုက်ရေအကျိုးတော်ဆောင်ထံက သိရသည်။
ကိုထိန်၊KPD