တောင်သာ ဧပြီ ၅
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ဆဋ္ဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း နဝရတ်ခန်းမနှင့် စုရပ်(၃) နေရာအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆဋ္ဌမအသုတ် ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ လူဦးရေပေါင်း(၄၇၇၈)ဦးရှိပြီး ယနေ့(၂၆)ဦးကို ထိုးနှံပေးခြင်းအား မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်သာ(အထက)ကျောင်းတွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား ဆဋ္ဌမအသုတ် ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန်နှင့် အခြားကျန်ရှိနေသူများကိုလည်း ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ဦးစားပေးအလိုက် နေ့စဉ် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ် ကြောင်းသိရသည်။
ကျော်မျိုးနိုင်(တောင်သာ)