ဘောဂလိ ဧပြီ ၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘောဂလိမြို့ တွင် ကိုဗစ်-၁၉ရောဂါကို ပိုမိုထိ ရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်ပြန့်နှံ့မှု လျော့နည်းကျဆင်းစေရန် ရည်ရွယ် ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။
ယခုအခါ ဘောဂလိမြို့တွင် ဒုတိယအသုတ် ထိုးနှံမှုအဖြစ် တစ်ကြိမ်တစ်ခါမျှ ကာကွယ် ဆေး မထိုးနှံရသေးသော အသက်(၁၈)နှစ် နှင့်အထက် ပြည်သူများအား Covid Shield ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ဒုတိယအသုတ် ဒုတိယအကြိမ် ကာကွယ်ဆေးထိုး နှံခြင်းကို လာမည့် (၂၈) ရက်နေ့တွင် ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဘောဂလိမြို့အုပ်ချုပ်ရေးမှူး ဦးစောဘိုဘိုကျော်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက် ပေးခဲ့ ကြောင်း သိရသည်။
ကြည်ကြည်ခိုင်(ဘောဂလိ)