တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌  မူလတန်းအဆင့် ကလေးငယ်များအား ပုံပြင်ပြောခြင်း အစီအစဉ်ဆောင်ရွက်

တနိုင်း ဧပြီ ၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယ​မန်နေ့ နံနက်(၁၀)နာရီက  လူရှိုင်း (လူရှေ)စာပေနှင့် ယဉ်ကျေးမှုအသင်းမှ ရေးသားပြုစုသည့် "မိုးကလေးဘယ်ကလာ" ခေါင်းစဉ်ဖြင့် ပုံပြင်ပြောခြင်း အစီအစဉ် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃(ပြ) ဒေါ်ဂျာအောင်လုက ပုံပြင်ပြောအစီအစဉ် ပြုလုပ်ရခြင်းဖြင့် စာ‌ပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများ ဖြစ်စေရန်၊ အချိန်ကို တန်ဖိုးထားတတ်စေရန်၊ စာပေအကြောင်းအရာများကို အပြန်အလှန် နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ  တိုးပွား လာစေရန် စသည့်ရည်ရွယ်ချက်များနှင့် "မိုးက​လေးဘယ်ကလာ"ပုံပြင်ထဲမှ သိမှတ်ဖွယ်ရာများ အ​ကြောင်းအရာများကို ဆွေး​နွေး​ပြောကြားခဲ့သည်။

အဆိုပါ အသိပညာ​ပေး ပုံပြင်​ပြောအစီအစဉ်သို့ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ ကလေးငယ်(၄၀)ဦး တက်​ရောက်ခဲ့သည်။

တနိုင်း(ပြန်/ဆက်)