မိုးကောင်း ဧပြီ ၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ စာရေးဆရာအကြီးကိုကို(ကသာ)နှင့် ဆရာဆောင်းဝင်းလတ်တို့ ရေးသားသည့် ပြောပြချင်တဲ့လောက အမြင်အတွေးရသစာစုများ စာအုပ်ဖြင့် မြို့နယ် Book Club အဖွဲ့ဝင်များက ယနေ့ မွန်းလွဲ (၁)နာရီခွဲအချိန်ခန့်က စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးကြိုင်မှ စာပေနယ်မြေတစ်ခွင် စာဖတ်ဝိုင်းအား အရှိန်အဟုန်မပျက် ဆက်လက်ရှင်သန်စေရေး မိတ်ဆက်စကားပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်နီနီလွင်မှ နိုင်ငံရေးဖိုးသင်းမျောက်များ ခေါင်းစဉ်ပါ အကြောင်းအရာကို ဖတ်ကြားဆွေးနွေးသည်။
ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အသင်းဝင် ဒေါ်ခင်သဇင်လင်းမှ ရွေးကောက်ပွဲနှင့်အနုပညာ၊ ထောက်ခံပွဲနဲ့အသိပညာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အသင်းဝင်ဦးထွန်းအောင်ကျော်မှ အနာဂတ်ကိုလေးစာခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အဖွဲ့ဝင် ဒေါ်အေးအေးအောင်သူမှ စိတ်ထားတတ်ပါစေ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
နေ့စဉ်လူမှုဘဝတွင် အသက်ရှင်ဖြတ်သန်းနေထိုင်စဉ် မိမိကိုယ်မိမိ မာနတရားများကြီးစိုးပြီး အမှန်မမြင်မိရန်လိုအပ်ခြင်း၊ တိုတောင်းလွန်းသော လူ့ဘဝကြီးတွင် အနီးရှိလူများအား အသက်ရှင်စဉ်အတွင်း တန်ဖိုးထားဆက်ဆံတတ်ရန်လိုအပ်ခြင်း၊ လူတစ်ယောက် လူ့လောကကြီးကို အဆင်ပြေပြေ ဖြတ်သန်းစေနိုင်ရန်အတွက် စိတ်ကောင်းထား ပြုံးတတ်စေရန် အကြောင်းအရာများကို အဆိုပါစာဖတ်ဝိုင်းတွင် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)