နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre၌ လူငယ်နှင့် အားကစားဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

နောင်ချို ဧပြီ ၄

 ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန နည်းပြ(နည်းစနစ်မှူး) ဒေါ်ဝင့်သူဇာထွန်းက အားကစားဆိုတာ အင်အားနဲ့ဉာဏ်ရည်ကို အသုံးပြုပြီး ယှဉ်ပြိုင်တာဖြစ်ကြောင်း၊ အားကစား အမျိုးအစားအနေဖြင့် ယှဉ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစား၊ လူထုအားကစား စသည်ဖြင့်(၄)မျိုး ရှိကြောင်းကို လည်းကောင်း၊ အားကစားလိုက်စားခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများကိုလည်းကောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

နောင်ချိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေး Talk Show ဆွေးနွေးပွဲများကို Online မှတစ်ဆင့် စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့်ပေးလျက် ရှိကြောင်းသိရပါသည်။

ထွေးငယ်