တောင်ဥက္ကလာပမြို့နယ်တွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် နွေရာသီ အခြေခံပန်းချီသင်တန်း(အခမဲ့)ဖွင့်လှစ်

တောင်ဥက္ကလာပ ဧပြီ ၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်း၊ Book Club  တို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် ပန်းချီ သင်တန်းကို ယနေ့နံနက် ၉နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

သင်တန်းတွင် တောင်ဥက္ကလာပမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ၊ Book Club နာယက ဆရာဦးအောင်ကြည်ညွှန့်နှင့် သင်တန်းနည်းပြဆရာ ဦးစိုးမြင့်ဒွဏ်း တို့မှ အဖွင့်မုဒိတာ အမှာစကားပြောကြားခဲ့ပြီး နွေရာသီကျောင်းပိတ်ရက်များ၌ လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ပန်းချီပညာကို အခြေခံတတ်မြောက်စေရန်နှင့် အားလပ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ဦးစီးအရာရှိ ဒေါ်ခင်ဆွေနှင်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို အလယ်တန်းအဆ င့်ကျောင်းသား၊ ကျောင်းသူကလေး (၁၅)ဦး တက်ရောက်နေပြီး သင်တန်းကာလမှာ ဧပြီ(၄)ရက်နေ့မှ စတင်၍ဧပြီလ(၈)ရက်နေ့အထိ စုစုပေါင်း(၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)