သာကေတ ဧပြီ ၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် ပန်းခင်းစီမံချက် ရာနှုန်းပြည့်ပြီးစီးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၀၉:၃၀က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က အဖွင့်အမှာ စကားပြောကြားရာတွင် သာကေတ မြို့နယ်တွင် ပန်းခင်းစီမံချက်ရာနှုန်းပြည့် ပြီးစီးရေးအတွက် ဌာနဆိုင်ရာများ အားလုံးဝိုင်း၀န်းဆောင်ရွက်ရန် ဧပြီလ ၆ရက်တွင်အိန္ဒိယနိုင်ငံမှ ထောက်ပံ့မည့် ဆန်အိတ်များအား အိမ်ထောင်စု(၄၆၅၆)စုအား ထောက်ပံ့ပေးသွားရန်ရှိကြောင်း ဆွေးနွေးပြောကြား သည်။
ဆက်လက်ပြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ပန်းခင်းစီမံချက်အနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးရာတွင် သိသင့်သိထိုက်သည့် အချက်များ၊ ပန်းခင်းစီမံချက်ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူ၏ ရပိုင်ခွင့်များ၊ လိုက်နာရမည့် စည်းကမ်းချက်များနှင့် ပျောက်ဆုံး၊ ပျက်စီးမှုများ ရှိပါက သက်ဆိုင်ရာဦးစီးဌာနသို့ ဆက်သွယ်အကြောင်းကြား ပြုလုပ်နိုင်ကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး၊ သက်ဆိုင်ရာဌာနများမှလည်း ကဏ္ဍအလိုက် အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ