နွေရာသီ အင်္ဂလိပ်စာ (အခမဲ့)သင်တန်း သတ္တမ မြောက်နေ့ဆက်လက်ပို့ချလျှက်ရှိ

တောင်သာ ဧပြီ ၃ ရက်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစေရန်ရည်ရွယ်၍ အင်္ဂလိပ်စာ(အခမဲ့)သင်တန်း သတ္တမမြောက်နေ့အား ဆက်လက်သင်ကြားပို့ချလျှက်ရှိကြောင်းသိရသည်။

ယင်းသင်တန်းတွင်နည်းပြ  ဆရာဦးစိုးနိုင်က အင်္ဂလိပ်စာ  Grammar သင်ကြားရာတွင် Verb Form၊ Word Form၊Active   Passive၊Direct  Indirect  Speech၊ သဒ္ဒါ  စာရေးသားနည်းစနစ်၊ ဝါကျ တည်ဆောက်မှုစနစ်၊Tense (၁၈) မျိုးအခြေခံပြီး  ပို့ချဆောင်ရွက်သင်ကြားမှုအပေါ်  ကျောင်းသား/ ကျောင်းသူများက သင်ခန်းစာသင်ကြားမှုအပေါ်  လက်တွေ့အပြန်အလှန် ဆွေးနွေးလျှက်ရှိကြောင်း သိရသည်။

အဆိုပါ  အင်္ဂလိပ်စာသင်တန်းအား (၂၈-၃-၂၀၂၂)ရက်နေ့မှ စတင်ဖွင့်လှစ်သည့် နေ့မှစတင်၍   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိ  ဒေါ်မြင့်ကေခိုင်နှင့် ဝန်ထမ်းများက သင်တန်းတက်လာသူ ကျောင်းသား/ကျောင်းသူများအား အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေး လျှက်ရှိပြီး သင်တန်းနားချိန်၌ အချိုရည်နှင့်မုန့်များ ဧည့်ခံကျွေးမွေးပြီး သင်တန်းအတွက် လိုအပ်သော သင်ထောက်ကူ ပစ္စည်းများကိုလည်း ပံ့ပိုးကူညီပေးလျှက် ရှိကြောင်းနှင့် ယင်းသင်တန်းကို မတ် လ(၂၈)ရက်နေ့မှ ဧပြီလ(၆)ရက်နေ့အထိ နံနက်(၉)နာရီမှ (၁၁)နာရီအထိ နေ့စဉ်ပို့ချဆောင်ရွက် လျက်ရှိပြီး သင်တန်းကာလမှာ(၁၀)ရက်ကြာ ဖွင့်လှစ်ပို့ချမှာ ဖြစ်ပြီး အနောက်ရပ်အခြေခံပညာ အလယ်တန်းကျောင်းမှ အဌမတန်းကျောင်းသား၊ ကျောင်းသူ(၁၃)ဦး တက်ရောက်   သင်ကြားလျက် ရှိကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)

 (မြို့နယ် ပြန်/ဆက်)