ထားဝယ် ဧပြီ ၁
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော အမှုထမ်း၊ အရာထမ်းများအား အခမ်း အနားမှူးသင်တန်းကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက အစည်းအဝေး၊ ဆွေးနွေးပွဲ၊ လှူဒါန်းပွဲ၊ အခမ်းအနားများပြီးစီးအောင် တာဝန်ထမ်း ဆောင်ခြင်းကို အခမ်းအနားမှူးဟုခေါ်ဆိုကြောင်း တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များမှ အခမ်းအနား များတွင် တာဝန်ပေးအပ်လာပါက အခမ်းအနားမှူး တာဝန်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရမည် ဖြစ်ကြောင်းနှင့် အခမ်းအနားမှူးအကြောင်း အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက အမှုထမ်း၊ အရာထမ်းများအား အခမ်းအနားမှူးတစ်ယောက်၏ အရည်အချင်းအကြောင်း၊ အခမ်းအနားမှူး၏ဝတ်စားဆင်ယင်မှုအကြောင်း၊ အသံ အနေအထားအကြောင်း၊ မိုက်ကရိုဖုန်းနှင့် ပြောဆိုရမည်နည်းလမ်းများအကြောင်း၊ အကြီးအကဲများရှေ့တွင် အရိုအသေပြုရမည့်နည်းလမ်းများအကြောင်းနှင့် လက်တွေ့သင်ကြားပြသပေးခဲ့ကြောင်း သတင်းရရှိသည်။
ရွှေပင်လယ်(ထားဝယ်)