လိပ်သို ဧပြီ ၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယမန်နေ့ နံနက်(၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း လိပ်သိုစာစစ်ဌာန၌ စတင်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၅၇)ဦး ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စာဖြေခန်းထဲသို့ မဝင်ရောက်မီ ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား၊ကျောင်းသူများ၏ လုံခြုံရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ် ချက်များကို မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်ပညာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစောဂလိုဒီထူး၊ သံတောင်ကြီးမြို့နယ် လက်ထောက်ပညာရေးမှူးဦးအေးနိုင်နှင့် စာမေးပွဲကြီးကြပ်ရေးတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ကူညီပံ့ပိုးပေးခဲ့ ကြောင်းနှင့် လိပ်သိုစာစစ်ဌာနတွင် စာရင်းရှိ (၆၇)ဦးအနက် (၅၇)ဦးဝင်ရောက် ဖြေဆိုပြီး (၁၀)ဦး ပျက်ကွက်သဖြင့် ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၈၅.၀၇)ရာခိုင်နှုန်းရှိကြောင်း လိပ်သိုမြို့ စာစစ်ဌာန ကြီးကြပ် ရေးမှူးထံမှသိရသည်။
လိပ်သို (ပြန်/ဆက်)