ဆိပ်ကြီးခနောင်တို မတ် ၃၁
၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ယနေ့စတင်ကျင်းပရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်တွင်လည်း ပထမနေ့ မြန်မာစာကို အခြေခံပညာ အထက်တန်းကျောင်း (အထက-ခနောင်တို) စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုလျက် ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား ၁၂၆ ဦး၊ ကျောင်းသူ ၁၇၂ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၉၈ ဦး စာရင်းပေးသွင်းထားပြီး၊ ယနေ့ လာရောက်ဖြေဆိုသူ ကျောင်းသား ၉၈ ဦး၊ ကျောင်းသူ ၁၄၃ ဦး စုစုပေါင်း ၂၄၁ဦးရှိပြီး၊ ဖြေဆိုမှု ရာခိုင်နှုန်း ၈၁ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံ