မိုင်းဖြတ်မြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(ပထမနေ့)စတင်​​ဖြေဆို

မိုင်းဖြတ် မတ်  ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  ၂၀၂၂  ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၃၁ရက်နေ့ နံနက် ၉ နာရီက  စာစစ်ဌာနပြုလုပ်သည့် အထက(မိုင်းဖြတ်)၌ မြန်မာစာ ဘာသာရပ် စတင်ဖြေဆိုလျက်ရှိရာ  ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ထိုသို့ တက္ကသိုလ်ဝင်စာ​မေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆို နိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီ​အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး​အောင်မျိုး နှင့်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်း​ရေးဝန်ထမ်းများနှင့် တာဝန်ရှဌာနဆိုင်ရာများ၊ မိုင်းဖြတ် တပ်နယ်မှ တာဝန်ရှိသူများက ကြီးကြပ်​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာ​မေးပွဲ ဖြေဆိုရန်လျောက်ထားသည့် စာရင်းအရ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၂၆)ဦးရှိပြီး ယနေ့(မြန်မာစာ) ပထမနေ့တွင် ဝင်​ရောက်​ဖြေဆိုသူ ကျောင်းတွင်းဖြေ (၉၆)ဦး၊ အပြင်ဖြေ (၁၀၇)ဦး စုစုပေါင်း ကျောင်းသူ၊ ​ကျောင်းသူ (၂၀၃)ဦး ဝင်ရောက်ဖြေဆို  ပြီး ဖြေဆိုရန်ပျက်ကွက်သူ (၂၃)ဦးရှိကြောင်း သိရသည်။

သန်းထွန်းအေး