မိုးနဲ မတ် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်း ဖြေဆိုလျက်ရှိရာ မိုးနဲအမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင်လည်း ယနေ့နံနက် ၉ နာရီမှ စတင်၍ မြန်မာစာ ဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်းသိရသည်။
ထိုသို့ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ရဲစခန်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ စေတနာ့ဝန်ထမ်းများ၊ သာသနာရေး ဦးစီးဌာန၊ စည်ပင်သာယာရေး ဦးစီးဌာန၊ ကော်မရှင်ဌာနခွဲ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများနှင့် ရပ်ကွက်/အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းကာ ကျောင်းအတွင်းအပြင်နှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး ကြီးကြပ်ပေးခဲ့ကြရာ ယနေ့ ဖြေဆိုသည့် မြန်မာစာ ဘာသာရပ်ကို အတွဲ ၁ မှ ၁၈၀ ဦး၊ အတွဲ ၂ မှ ၃ ဦးနှင့် အတွဲ ၇ မှ ၁၈၀ ဦး စုစုပေါင်း ၂၀၅ ဦး စာရင်း ပေးသွင်းထားသော်လည်း ပျက်ကွက် ၂၀ဦး စုစုပေါင်း ၁၈၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း ပညာရေးဌာနမှ သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)