ကျိုက်ဒုံ မတ် ၃၁
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ၂၀၂၂ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲ အ.ထ.က (ကျိုက်ဒုံ) စာစစ်ဌာနတွင် မတ်လ ၃၁ ရက်နေ့၊ယနေ့နံနက် ၉ နာရီက ပထမနေ့ မြန်မာစာဘာသာရပ်ကို ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
အ.ထ.က(ကျိုက်ဒုံ)စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုသူ (အ.ထ.က) ကျိုက်ဒုံမှ ကျောင်းသား(၄၄) ဦး၊ကျောင်းသူ(၄၃) ဦး၊အဇင်းကျေးရွာ(အ.ထ.က)မှ ကျောင်းသား (၇)ဦး၊ ကျောင်းသူ(၃)ဦး၊ နောင်တမံကျေးရွာ (အ.ထ.က)ခွဲမှ ကျောင်းသားကျောင်းသား (၄)ဦး၊ ကျောင်းသူ(၃)ဦး၊ အလွတ်ဖြေကျောင်းသား(၅)ဦး၊ ကျောင်းသူ(၁၂)ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ (၁၂၁)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ကျောင်းသားကျောင်းသူများ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်စေရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်နှင့်ဌာနဆိုင်ရာများ၊ နယ်မြေစခန်းမှူးနှင့် ရဲတပ်ဖွဲ့များ တာဝန်ရှိသူများက အပြင်စည်းလုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းထွန်းနိုင်(ပြန်/ဆက်)