လဲချားမြို့နယ်တွင် မြန်မာစာဘာသာရပ် ဖြေဆိုသူ (၂၁၅ )ဦးရှိ

လဲချား   မတ်  ၃၁

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့မှ စတင်၍တစ်ပြိုင်နက်တည်း ဖြေဆိုကျင်းပလျက်ရှိပြီး ယနေ့မြန်မာစာဘာသာရပ်အား လဲချားမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက် ရှိကြောင်း သိရသည်။

မြို့နယ်အတွင်း အ.ထ.က (လဲချား) စာဖြေဌာနတွင် မြန်မာစာဘာသာရပ်အား ဖြေဆိုရန် စာရင်း ပေးသွင်းထားသူ (၂၃၁ )  ဦး အနက် မှ ကျောင်းတွင်း ဖြေဆိုသူ (၁၀၄)ဦးနှင့် ပြင်ပ ဖြေဆိုသူ(၁၁၁) ဦးစုစုပေါင်း ( ၂၁၅ ) ဦး ရှိကြောင်း၊ ရာခိုင်နှုန်းအနေဖြင့် ( ၉၃ )  ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လွှမ်းသူနောင် (လဲချား)