ကျိုင်းတောင်း မတ် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်အထိ ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအား ကျိုင်းတောင်းမြို့ စာစစ်ဌာနမှကျောင်းသား၊ကျောင်းသူများက ယနေ့နံနက် ၉ နာရီအချိန်တွင် အေးချမ်းစွာ စတင်လာရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျိုင်းတောင်းမြို့တွင် ကျောင်းတွင်းဖြေဆိုမည့်သူ စုစုပေါင်း (၅၈)ဦးရှိရာ အတွဲ(၁)တွင် ကျား (၁၅)ဦး၊ မ (၁၅)ဦး၊ ပေါင်း (၃၀)ဦး၊ အတွဲ (၂)တွင် ကျား (၁၅)ဦး၊ မ (၆)ဦး၊ ပေါင်း (၂၁)ဦး၊ အတွဲ (၇)တွင် မ (၇)ဦး တို့ဖြစ်ကြပြီး ပြင်ပဖြေဆိုမည့်သူ စုစုပေါင်း (၅၇)ဦးရှိရာ အတွဲ(၁)တွင် ကျား (၁၅)ဦး၊ မ (၂၆)ဦး၊ ပေါင်း (၄၁)ဦး၊ အတွဲ(၂)တွင် ကျား (၃)ဦး၊ မ (၈)ဦး၊ ပေါင်း (၁၁)ဦး၊ အတွဲ(၇)တွင် မ (၄)ဦး၊ အတွဲ(၈)တွင် မ (၁)ဦး တို့ ဖြစ်ကြကြောင်း သိရသည်။
ကျိုင်းတောင်းမြို့စာစစ်ဌာမှ ကျောင်းသားကျောင်းသူများက ယနေ့တွင် မြန်မာစာဘာသာရပ်အား အေားချမ်းစွာ ဝင်ရောက် ဖြေဆိုလျက်ရှိပြီး ကျိုင်းတောင်းမြို့ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များတို့က ပညာရေးနှင့်ပူးပေါင်းကာ ကျောင်းသားကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ သိရသည်။
သီဟ