ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို

မိုင်းယန်း မတ် ၃၁

မြန်မာတစ်နိုင်ငံလုံး၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊  တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၃၁ ရက် နံနက် ၉ နာရီမှစ၍ တစ်ပြိုင်တည်းစတင်ဖြေဆိုလျက်ရှိကြရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းသာစွာ တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မိုင်းယန်းမြို့နယ်တွင် စာစစ်ဌာနများကို အခြေခံပညာအထက်တန်းကျောင်း(မိုင်းယန်း)နှင့် အရံစာစစ်ဌာနအနေဖြင့် အခြေခံပညာအလယ်တန်းကျောင်း(ဈေးတန်း)တို့တွင် ပြင်ဆင်ထားရှိပြီး မိုင်းယန်းမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲသို့ လာရောက်ဖြေဆိုသူ အတွင်းဖြေ ကျောင်းသား/ ကျောင်းသူ (၂၆)ဦးနှင့် အပြင်ဖြေ ကျောင်းသား/ကျောင်းသူ(၁၆)ဦး စုစုပေါင်း(၄၂)ဦး  လာရောက်ဖြေဆိုပြီး အပြင်ဖြေဆိုသူ ကျောင်းသား (၁)ဦး ပျက်ကွက်ခဲ့ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ထွန်းထွန်းထူး