ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီး စတင်ဖြေဆို

ဝမ်းတွင်း မတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးကို ယနေ့၂၀၂၂ခုနှစ်မတ်လ(၃၁) ရက်နေ့မှ စတင်ကာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်အနေဖြင့် ၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စာစစ်ဌာန(၈)ခုဖွင့် လှစ်ထားရှိပြီးအထက(ဝမ်းတွင်း)တွင်(၂၄၄)ဦး၊အထက(သဲတော)တွင် (၂၄၀)ဦး၊ အထက(ဒိုင်ကောင်းကုန်း)တွင် (၂၀၀)ဦး၊ အထက(သဘွတ်ကုန်း)တွင် (၅၄)ဦး၊ အထက(တမာကုန်း) တွင်(၁၂၁)ဦး၊ အထက  (ဆပ်ခင်း)တွင်(၅၆)ဦး၊ အထက(ရွာသစ်)တွင်(၁၁၂)ဦး၊ အထက(ပင်းတလဲ) တွင်(၁၀၈)ဦးရှိကြောင်း၊ စာစစ်ဌာန များတွင်အတွင်း ဖြေအနေဖြင့်(၇၆၂)ဦးနှင့်အပြင်ဖြေ (၃၇၃)ဦး၊စုစုပေါင်း(၁၁၃၅)ဦးရှိကာ ကျောင်းသားကျောင်းသူများအနေဖြင့် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)